ရန်ကုန်၊ နိုဝင်ဘာ ၁၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ရန်ကုန်မြို့ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လေ့ကျင့်သင်ကြားပေးနေသော ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။     

 ကြည့်ရှု့စစ်ဆေးစဉ်တာဝန်ရှိသူများအား ပြည်သူ့ဘဝရပ်တည်မှု ခိုင်မာစေရေးအတွက် အထောက်အကူ ပေးနိုင်သော သက်မွေးပညာရပ်များကို သတ်မှတ်စံနှုန်းများနှင့်အညီ လေ့ကျင့် သင်ကြားပေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့် သက်မွေးပညာ၊ နည်းပညာရပ်များ ဖြစ်၍ လက်တွေ့ကျွမ်းကျင်မှု Hand on ဖြစ်အောင်နှင့် တတ်မြောက်မှုအရည်အသွေး စစ်ဆေးခြင်းများ စနစ်တကျ ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသော သင်ကြားလေ့ကျင့် စနစ်များဖြစ်ရေးအတွက် ဆရာများသည် မိမိတို့၏ စွမ်းရည်များကို အစဥ်ဆန်းစစ် မွမ်းမံသွားရန်၊   အထူးစီးပွားရေးဇုန်များ /MSMEsများ/ စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် လိုအပ်သော နည်းပညာရှင်/ သက်မွေးပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဥ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ Talent ရှိသော ကျောင်းသားများကို ပြည်တွင်း/ ပြည်ပ နည်းပညာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်စေပြီး အခြေခံကျွမ်းကျင် ပညာရှင်အဆင့်မှသည် အင်ဂျင်နီယာ ပညာရှင်များအဖြစ်သို့ ဆက်လက်တက်ရောက်နိုင်သည့် အခွင့်အလမ်းများရှိနေသဖြင့်  နိုင်ငံ့ရေရှည်အကျိုးစီးပွားကို မျှော်မှန်း၍ ဆက်လက်သင်ကြားခွင့် ရရှိနိုင်အောင် လေ့ကျင့်ပေးရန်၊ သင်တန်းသားများသည် အနာဂတ်တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြရမည်ဖြစ်သဖြင့် ဆရာများထက် ပို၍တော်သော တပည့်များဖြစ်စေရေးနှင့် ဗလ ၅ တန်  ပြည့်စုံသော နိုင်ငံ့လူငယ်ကောင်း ပညာရှင်များ ပေါ်ထွန်းလာစေရေး မြေတောင်မြှောက်ပေးရန်၊ သင်တန်းဆင်းများ၏ လူမှုဘဝအဆင့်အတန်း မြင့်မားလာမှုများကို Feedback Survey and Analysis ပြလုပ်၍ မှတ်တမ်းတင်ကာ မျိုးဆက်သစ် ကျောင်းသားသစ်များ အတုယူဖွယ်ဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။  

 

mdn

 

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၉ ရက် ညနေပိုင်းတွင် အင်းစိန်မြို့နယ်ရှိ ရတနာဂဟေ ဆက်နည်းပညာ သင်တန်းကျောင်းကိုရောက်ရှိရာ ကျောင်းအုပ်ကြီး ဦးနေကျော်ထက်က လုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကွန်ပျူတာအခြေပြု Welding Simulator များ အသုံးပြု၍ လေ့ကျင့်နေမှုများ၊ အလုပ်ရုံများတွင် Arc Welding Training ၊ Gas Metal  Arc Welding Training နှင့် Pipe  Welding Training များကို လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သင်တန်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လိုအပ်သည်များကို မှာကြားသည်။

ဒုတိယဝန်ကြီးသည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) ရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားသည့် အခြေခံပညာ အထက်တန်းကျောင်း (စိုက်မွေး) တွင် စက်မှုနည်းပညာဘာသာရပ်မှ ကျောင်းသား၊ ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး သင်ခန်းစာများ သင်ကြားနေကြမှုနှင့် လက်တွေ့လုပ်ငန်းများ လေ့ကျင့်နေကြမှုကို ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် အစိုးရနည်းပညာကောလိပ် (တောင်ဒဂုံ) သို့ ရောက်ရှိရာ ကျောင်းအုပ်ကြီး ဒေါက်တာသန်းထိုက်က လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး  စာကြည့်တိုက်နှင့် လက်တွေ့အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးကာ ရလဒ် အခြေပြု ပညာရေးစနစ် (Outcome-based Education System) ဖြင့် နိုင်ငံဖွံ့ဖြိုးရေး အမှန်တကယ် အကျိုးပြုနိုင်မည့် Engineering Technologists များကို ထိရောက်ပီပြင်စွာ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်