နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
တစ်ပိုင် တနိုင်မှသည် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများ အသားကဏ္ဍ တိုးချဲ့မွေးမြူနိုင်ရေး အားပေးဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယနေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန် နှင့် ရွှေမြို့မွေးမြူရေး ဇုန်များသို့ လိုက်လံကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီး သည် တပ်ကုန်းမြို့နယ်၊ ကံကြီးမွေးမြူရေးဇုန်ရှိ ရွှေမြင့်မိုရ် အသားတိုးဝက်မွေးမြူ ရေးခြံရှိ အသားတိုးဝက်ကောင်ရေ (၂၇၀၀)မွေးမြူထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မြသိင်္ဂါ မွေးမြူရေးခြံတွင် အသားတိုးကြက်ကောင်ရေ (၃၃၀၀၀)မွေးမြူထားရှိမှုကိုလည်းကောင်း၊ ZIWAKA ဘက်စုံမွေးမြူရေး ခြံတွင် ဥစားကြက် ကောင်ရေ (၄၀၀၀၀) မွေးမြူထားရှိမှု ကိုလည်းကောင်း၊ ဖန်ဟွနို့စားနွား မွေးမြူရေးခြံတွင် နို့ပေးနွားမကြီး(၆၆)ကောင်နှင့် နွားပေါက်(၄၄)ကောင် မွေးမြူထား ရှိမှုများကို လည်းကောင်း၊ ရွှေမြို့မွေးမြူရေးဇုန်ရှိ Supre cow နို့စားနွားမွေးမြူရေးခြံတွင် မွေးမြူ ထားသည့် နို့စားနွားကောင်ရေ (၇၀) မွေးမြူထားရှိမှုနှင့် အင်မိုင်ခမွေးမြူရေးခြံတွင် ဒေသနွား (၁၅၆)ကောင်နှင့် ယူနီစန်အသားတိုးဝက်ခြံတွင် အသားတိုးဝက်အကောင်ရေ (၅၀) ဒေသနွား(၈၅) ကောင်မွေးမြူထားမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဇီဝလုံခြုံရေးကို အလေးထားဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့ချ နိုင်ရေးဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြေမပြတ် စောင့်ကြည်ကာကွယ်ရန် လိုအပ်ချက်များ၊ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများအားလုံးကို ပုဂ္ဂလိကပိုင်းက ဆောင်ရွက် နေခြင်းဖြစ်၍ နိုင်ငံတော်၏ အသားထုတ်လုပ်မှုကဏ္ဍ တန်ဖိုးတိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုး တိုးတက်မှုပေါ် များစွာတည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မွေးမြူရေးဇုန်အတွင်း ဖန်ဟွနို့စားနားမွေးမြူရေးခြံတွင် ကွင်းဆင်း ဆောင်ရွက်နေကြသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိရစ္ဆာန်ဆေးကုသိပ္ပံ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံ၍ ဘာသာရပ်ဆိုင်ရာ ခေတ်မီနည်းပညာများနှင့် အသိပညာများအပြင် လက်တွေ့ နယ်ပယ်မှ အတွေ့အကြုံကောင်းများကို စုဆောင်းပြီး အရည်အသွေးပြည့်ဝသူများအဖြစ် ပေါ်ထွန်းလာစေရန် မျှော်မှန်းပြီး လေ့လာခွင့်ရရှိသော အချိန်ကာလအတွင်း ထိထိရောက်ရောက် လေ့လာဆည်းပူးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)