နေပြည်တော်  ဇွန် ၇

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် အောင်ပန်းမြို့ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး နှစ်ထပ်ကျောင်း ဆောင်သစ် တည်ဆောက်ပြီးစီးမှုနှင့် ကျောင်းနှင့် ကျောင်းဝန်းကျင် သန့်ရှင်းသာယာ လှပရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နန့်ပန်တက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း သို့ရောက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကိုကြည့်ရှုပြီး  ဆရာ ဆရာမ အင်အားလိုအပ်မှုအခြေအနေကို အားပေးဖြည့်ဆည်းပေးသည်။

 

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့ညနေပိုင်းကလည်း တောင်ကြီးပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိကာ ၄ နှစ်သင်တန်း ကျောင်းသား ကျောင်းသူများ ညနေစာစားသုံးနေမှုကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတော်က စားသောက်စရိတ်ကို နှစ်ဆတိုးမြှင့်ခွင့်ပြုပေးသဖြင့် နေ့လယ်စာတစ်နပ် ထပ်ဆောင်း ကျွေးမွေးနေပြီဖြစ်ရာ   အစားအသောက်များကို ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရဖြစ်အောင် ချက်ပြုတ်ကျွေးမွေးနိုင်ရေး စီမံကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)