နေပြည်တော် ၊ စက်တင်ဘာ ၁၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ယနေ့ နံနက်ပိုင်းက စစ်တက္ကသိုလ် အဆင့်မြင့်စာပေ ပညာဗဟိုဌာန (ပြင်ဦးလွင်) ရှိ မင်းရဲကျော်စွာ အားကစားခန်းမ၌ အသက်(၁၀)နှစ်နှင့် အထက် နိုင်ငံသားစိစစ်ရေးကဒ် ကိုင်ဆောင်ထားသူများကို Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှု၊ ဓါတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု့အားပေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်ရုံး၌ EID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်-၄ မှတ်တမ်းများ စစ်ဆေးရိုက်သွင်းနေမှုများကို လှည့်လည်ကြည့်ရှု့အားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ရပ်ကွက်ကြီး (၆)ရှိ မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ခရိုင်/ မြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့်တာဝန်ရှိသူများအား တွေဆုံ၍ Biometric ကောက်ယူသည့်လုပ်ငန်း သည် တိုင်းပြည်အတွက် အလွန်အရေးကြီး ကြောင်း၊ တိုင်းနှင့်ပြည်နယ်အားလုံးရှိ နိုင်- ၄ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို data base အတွင်း ထည့်သွင်းပြီးဖြစ်ကြောင်း၊လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို Digital ဝန်ကြီးဌာန ဖြစ်အောင်ဆောင်ရွက်နေသဖြင့် ဝန်ထမ်းများ It ကျွမ်းကျင်နားလည်ရန်လိုသလို cyber Security ကိုလည်း ဂရုစိုက်ရန်လို ကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် public services ပေးသည့် ဌာန ဖြစ်၍ ဝန်ထမ်းများ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးရန် လိုကြောင်းမှာကြားကာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)