ရန်ကုန် ၆ ဇူလိုင် 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နံနက်(၇)နာရီက ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားလေ့ကျင့်ရေး စခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ရှေးဦးစွာ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် အကြိမ် (၃၀) မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲအတွက် စခန်းဝင် လေ့ကျင့်လျက်ရှိသော ပဏာမမြန်မာ့လက်ရွေးစင် လှေလှော်အားကစားသမားများ လေ့ကျင့်နေမှု၊ ဦးဝိစာရလမ်း အမျိုးသားရေကူးကန်ဝင်းအတွင်းရှိ အားကစားသမား အိပ်ဆောင်များ၊ ဂျူဒိုအဖွဲ့ချုပ်၌  ပဏာမမြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမားများ လေ့ကျင့်နေမှု၊ မြန်မာနိုင်ငံ စားပွဲတင်တင်းနစ်အဖွဲ့ချုပ်တွင် ပဏာမမြန်မာ့လက်ရွေးစင်နှင့် အာဆီယံကျောင်း သားအားကစားပြိုင်ပွဲတွင် ရွေးချယ်ထားသော စားပွဲတင်တင်းနစ် အားကစားသမားများ လေ့ကျင့်နေမှု၊ အောင်ဆန်းအားကစားကွင်းရှိ ကရာတေးအဖွဲ့ချုပ် ပဏာမ မြန်မာ့လက်ရွေးစင် အားကစားသမားလေ့ကျင့်နေမှု၊ ဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်ရှိ ပဏာမမြန်မာ့ လက်ရွေးစင် အားကစားသမား လေ့ကျင့်နေမှု၊ လက်ရွေးစင် ကစားသမားများ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆေးကုသရန် ဖွင့်လှစ်ထားသော  ဆေးခန်း၊ တိုက်ကွမ်ဒိုအဖွဲ့ချုပ်ရှိ ပဏာမ မြန်မာ့လက်ရွေးစင်အားကစားသမားများ လေ့ကျင့်နေမှုများ လိုက်လံကြည့်ရှု၍ စားရိပ်သာ၌ အားကစားသမားများအား ချက်ပြုတ်ကျွေးမွေးမှု၊ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အလေးမအဖွဲ့ချုပ်ရှိ ပဏာမ မြန်မာ့လက်ရွေးစင် အလေးမအားကစားသမားများ လေ့ကျင့်နေမှုများ ကြည့်ရှုအားပေးကာ ကစားသမားများအတွက် အစားအသောက်နှင့် ကျန်းမာရေး ဂရုစိုက်ရန်မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

 

mdn