ရန်ကုန် မတ် ၂၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ကြီးမှူး၍ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ လာအိုနိုင်ငံ၊ လွမ်ပရာဘန်မြို့၌ ကျင်းပမည့် ၃၁ ကြိမ်မြောက် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ဝန်ကြီးများအဆင့် အစည်းအဝေး (The 31st Meeting of the ASEAN Socio-Cultural Community (ASCC) Council) သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။
ဒုတိယဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများကရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြပြီး ဝန်ကြီးများအဆင့် အစည်းအဝေးမတိုင်မီ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် မတ် ၂၁ ရက်တွင် ကြိုတင်ထွက်ခွာသွားကြောင်း သိရသည်။
သတင်းစဉ်