ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း သည် ပြည်ထောင်စုနယ်မြေအတွင်းရှိ လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၉

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း သည် စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေရှိ လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိမြို့နယ် စီမံကိန်းဦးစီးရုံးများကို သွားရောက်စစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လယ်ဝေးမြို့နယ်စီမံကိန်းဦးစီးရုံးနှင့် ဒက္ခိဏသီရိမြို့ နယ်စီမံကိန်း ဦးစီးရုံးတို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မြို့နယ်စီမံကိန်း လျာထားချက်များ ပြည့်မီစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန်၊ စီမံကိန်းများ အကောင်အထည်ဖော်မှုများအပေါ် စနစ်တကျ သုံးသပ်ဆောင်ရွက်သွားရန်နှင့် စာရင်းဇယားများ ပြည့်စုံမှန်ကန်ရေးကို အလေးပေးဆောင်ရွက်ရန်၊ လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စီမံကိန်းရေးဆွဲဆောင်ရွက်ရာတွင် နိုင်ငံတော်မှ အဓိကဆောင်ရွက် နေသည့် စိုက်ပျိုးရေး နှင့် မွေးမြူရေးလုပ်ငန်းများကို စီမံကိန်းလျာထားချက်များတွင် စနစ်တကျ ထည့်သွင်းနိုင်ရေး စိစစ်ဆောင်ရွက်သွားရန်၊ စာရင်းအင်းအချက်အလက်များနှင့် ကိန်းဂဏန်း အချက်အလက်များ ခိုင်မာမှုကို စိစစ်ဆောင်ရွက်သွားရန်၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးရန်၊ နိုင်ငံ့ဘဏ္ဍာငွေကို စနစ်တကျသုံးစွဲရန်နှင့်  နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ ပြုမူနေထိုင်သွားရန် မှာကြားပြီး ရုံးများဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ဝန်ထမ်းများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်