နေပြည်တော်  ၂၉  သြဂုတ် 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး Mr. Ichiro MARUYAMA  ဦးဆောင်သောအဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ဂျပန်နိုင်ငံမှ NHK သတင်းဌာနတို့ အကြား ထုတ်လွှင့်သည့်အစီအစဉ်များ ဖလှယ်ရေး၊ ဝန်ထမ်းများအား စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချပေးနိုင်ရေးနှင့် နှစ်နိုင်ငံမီဒီယာ ကဏ္ဍ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့်အတူ ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျပန်သံအမတ်ကြီးနှင့်အတူ NHK သတင်းဌာနအမှုဆောင်ညွှန်ကြားရေးမှူး Mr.Yuji Itano နှင့် တာဝန်ရှိသံရုံးအရာရှိများ လိုက်ပါလာကြောင်း သိရှိရသည်။ 

သတင်းစဉ်