ရန်ကုန် ၆ ဇူလိုင်
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဖိုတိုလစ်သိုစက်ရုံအတွင်း ပြည်ပမှဝယ်ယူ ရောက်ရှိပြီးဖြစ်သည့် Sakurai (4) Unit Sheet Fed ပုံနှိပ်စက်သစ်ကြီး တပ်ဆင်နေမှု၊ CTP စက်သစ်၊ လာမည့်ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ရန်စီစဉ် ထားရှိမှု၊ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပုံနှိပ်လုပ်ငန်းများဆောင်ရွက်နေမှု၊ စက္ကူလုံးသိုလှောင်ရုံ၊ ပုံနှိပ်စက်ခန်းနှင့် စာအုပ်ချုပ်ခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် The Global New Light of Myanmar သတင်းစာတိုက်ရှိ သတင်းခန်း၌ စာတည်းအဖွဲ့နှင့်တွေ့ဆုံပြီး သတင်းစာ အရည်အသွေး ဘက်စုံတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ဝန်ထမ်းများ ထူးချွန်ထက်မြက်အောင် သတင်းဝါသနာအခြေခံ၍ အာရုံစူးစိုက် ကြိုးစားဆောင်ရွက်ရေးတို့ကို မှာကြားပြီး စာတည်းအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
သတင်းစဉ်


