နေပြည်တော် ၂၂ မေ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် အမေရိကန်ပြည်ထောင်စု International Crisis Group ရုံးခွဲမှ ဥက္ကဋ္ဌ  Mr. Robert Malley နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
    

 

တွေ့ဆုံစဉ် ကချင်ပြည်နယ်တွင် လက်ရှိဆောင်ရွက်နေသော ကယ်ဆယ်ရေးစခန်းပိတ်သိမ်းမှုနှင့် ပြန်လည်နေရာချထားရေး ကိစ္စရပ်များ၊ နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးစခန်း ပိတ်သိမ်းရေး မဟာဗျူဟာ အတည်ပြုနိ်ုင်ရေးဆောင်ရွက်ချက် နောက်ဆုံးတိုးတက်မှု အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာရသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံအစိုးရ၏ အစဉ်တစိုက် ဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်ရှိတိုင်းရင်းသား ပြည်သူများ၊ နေရပ်စွန့်ခွာနေရမှုများအတွက် ထောက်ပံ့မှုပေးနေသည့် အခြေအနေများ၊ UEHRD အဖွဲ့ ဖွဲ့စည်း၍ ပဋိပက္ခကင်းဝေး၍ ရေရှည်ဖွံ့ဖြိုးမှုရရှိရေး ကြိုးပမ်းမှုများ၊ အာဆီယံအဖွဲ့နှင့်ပူးပေါင်း၍ ပြန်လည်လက်ခံရေးအတွက် လိုအပ်ချက် ဆန်းစစ်မှုဆောင်ရွက်ခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်နိုင်ရေးနောက်ဆုံး အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ 

 


သတင်းစဉ်