နေပြည်တော် မတ် ၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်သည် UN Women ရုံး၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Christine Arab အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဝန်ကြီးဌာနအနေဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၊ သဘာဝဘေးဖြစ်ပွားရာ ဒေသများရှိ နေရပ်စွန့်ခွာသူများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းပေးခြင်း အစီအစဉ်များ ဆောင်ရွက်ပေးနေမှု၊ ကျား/မ အခြေပြု အကြမ်းဖက်ခံရသူများအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ပေးနေမှုများ၊ “အကြမ်းဖက်ခံရသော အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ” (One Stop Women Support Center- OSWSC) များဖွင့်လှစ်၍ ဝန်ဆောင်မှုပေးနေမှုများ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်နေမှုများနှင့် လူမှုဝန်ထမ်းဦးစီးဌာန နှင့် UN Women တို့အကြား လုပ်ငန်းအစီအစဉ် (Work Plan) လက်မှတ်ရေးထိုးနိုင်ရေးကိစ္စများကို နှစ်ဦးနှစ်ဖက် ပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (လုပ်ငန်း)၊ ဘာသာရပ်ဆိုင်ရာ အရာထမ်းများနှင့် UN Women မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်