နေပြည်တော် မတ်၂၃
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက် လျှက်ရှိသည့် ရေပန်းအလှ တပ်ဆင်ခြင်းလုပ်ငန်း၊ သောင်တူးခြင်းလုပ်ငန်းနှင့် ဝါးရုံတောလျှောက် လမ်းနှင့်ဝင်္ကပါပတ်လမ်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဝန်ထမ်းများကျယ်ကျယ်ပြန့်ပြန့်သိရှိရန် အသိပညာ ပေးဟောပြောပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်