ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

 

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ကြီးမှူး ကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၌ ကျင်းပသည်။ 

 

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာ အထောက်အကူပြုလုပ်ငန်းကော်မတီဝင်များ၊ လှည်းကူးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး​၊ ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ စာရေးဆရာ ကောင်းသန့်၊ ဧည့်သည်တော်များနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

 

ဦးစွာ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းသီချင်းဖြင့်  အခမ်းအနားကိုဖွင့်လှစ်ပြီး ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က ခေတ်နင့်အညီပြောင်းလဲတိုးတက်နေသည့် ပညာရေးစနစ်ကိုလေ့လာပြီး  ကျောင်းသား များ၏ စိတ်ဝင်စားမှုကို မြှင့်တင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ၏ အားနည်း ချက်ကို ကူညီပံ့ပိုးဖြေရှင်းပေးပြီး အားသာချက်များကို မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍စာရေးဆရာကောင်းသန့်က Professional ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပို့ချပြီး ဒုတိယဝန်ကြီးက စာရေးဆရာကောင်းသန့်ကို အမှတ်တရ လက်ဆောင်ပစ္စည်း အားပေးအပ်၍ လှည်းကူးပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးထံသို့ အားကစားပစ္စည်းများပေးအပ် လှူဒါန်းရာ လှည်းကူးပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားကာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား/သင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)