နေပြည်တော် ၁၁ ဇူလိုင်

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့်အဖွဲ့သည် ဇူလိုင် ၁၀ ရက်တွင် ကလောမြို့တွင်းလမ်း (၄)လမ်း (၅၇၄၂) ပေအား လမ်းအထူးအဖွဲ့(၄)မှ တာဝန်ယူ၍ ကတ္တရာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ နာရီစင်အနီးတွင် လမ်းအရည်အသွေး ထိန်းသိမ်းရေး (QC) အဖွဲ့မှ Quality Control လုပ်ငန်း ဆောင်ရွက်မှုများ မှတ်တမ်းတင်ထားရှိမှုနှင့် ကတ္တရာ ကွန်ကရစ်ခင်းရန် ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

 

mdn

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသော ပင်မှီဂေါက်ကလပ်မှ အိုင်ယား- ငုံးသုံ- ကမ္ဘားနီ- ပေါတုတ်- သရက်ပု- ဆူးပန်းအင်း- ဘော်နှင်း- ဟဲဟိုးလမ်းတို့၏ ကတ္တရာခင်းခြင်းလုပ်ငန်းများ၊  ဆူးပန်းအင်းကျေးရွာအနီး ဂျာမဏီနိုင်ငံ KfW အကူအညီဖြင့် ကတ္တရာလမ်းခင်းထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့တွင် အဆောက်အဦ အထူးအဖွဲ့ (၁၁)မှ တည်ဆောက်နေသော အမျိုးသမီးနှင့် ကလေးဆေးရုံ အဆောက်အဦ တည်ဆောက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးရုံးတွင် ဒေသဦးစီးမှူး ဦးခွန်စံလွင်၊ တရုတ်နိုင်ငံ C.H.E.C Co.,Ltd မှ တာဝန်ရှိသူများနှင့် ဝတစ်လုံးလှိုဏ်ဂူ တည်ဆောက်ရန်ကိစ္စကို ဆွေးနွေးကြရာ ပထမဦးစွာ လွိုင်လင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်မြင့်က ဝတစ်လုံးလှိုဏ်ဂူဆိုင်ရာ အချက်အလက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှိုဏ်ဂူစတင်ဆောင်ရွက်ရန် လျာထားသည့်နေရာကို တောင်ကြီး- ဟိုပုံး- လွိုင်လင်လမ်းအပိုင်း မိုင်တိုင် ၁၆၅/ဝ တွင် လည်းကောင်း၊ လှိုဏ်ဂူအဆုံးနေရာအား မိုင်တိုင် ၁၆၈/ဝ တွင်လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လှိုဏ်ဂူတည်ဆောက်ရေး Site Investigation လုပ်ငန်းဆောင်ရွက်ရန်အတွက် C.H.E.C ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဌာနမှ ဒေသခံအင်ဂျင်နီယာများ ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်