နေပြည်တော် မတ် ၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုတိုးမြှင့်ရေးအပါအဝင် အကျိုးဖြစ်ထွန်းသည့် ရလဒ်များ ရရှိရေးအတွက် နှစ်နိုင်ငံအကြား တည်ထောင်ထားရှိသည့် ယန္တရားများကို အသုံးချနိုင်ရေး အရေးပါမှုတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်