နေပြည်တော် နိုဝင်ဘာ ၁၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးတွင် ကျင်းပသော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ထူးချွန်ဆုရသင်တန်းသူများကို အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓါးစက်၊ ကြယ်သီးရိုက်စက် အပါအဝင် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အင်္ဂပူမြို့နယ်၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာသို့ ရှောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကုန်ထုတ်လမ်း အရှည်ပေ ၉၂၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီးကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးရွာရှိလယ်မြေ ၂၂၁ ဧကတွင် အထွက် တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံ စက်ချုပ် သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများကို လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ထူးချွန်ဆုရသင်တန်းသူများကို အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓါးစက်၊ ကြယ်သီးရိုက်စက် အပါအဝင် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြန်အောင်မြို့နယ်၊ ညောင်ချဉ်ကျေးရွာရှိ တိုးတက်အောင် နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ နေကြာစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်အောင်မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ခတ္တာစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ လယ်မြေ (၃၀၉) ဧကတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဧရာမင်း မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ အထွက်တိုး စပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစုများကို စနစ်တကျအသုံးပြုရေး မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံး၌ ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ ၍ဝန်ထမ်း သက်သာချောင်ချိရေး ကိစ္စရပ်များကို တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ဆောင်ရွက်ပေးရန်၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများရှာဖွေ၍ ကြိုးစားဆောင်ရွက်ရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကြံခင်းမြို့နယ်၊ အိုးဘိုကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ၊ ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာအဝင်လမ်း ကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆးပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်