နေပြည်တော် မေ ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဝန်ထမ်းများအတွက် ယာယီဆောက်လုပ်နေရာချထားပေးခဲ့သော အမှုထမ်းနှင့် အရာထမ်းအိမ်ရာများသို့ သွားရောက်၍ ရေ၊ မီး အဆင်ပြေမှုရှိ/ မရှိ၊ သန့်စင်ခန်းများ ကောင်း မကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး မိုးတွင်းရေမဝပ်စေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားရန် မှာကြားသည်။

 

ထို့နောက် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ ယာယီနေထိုင်လျက်ရှိသော လယ်ဝေးမြို့၊ မဟာစည်သာသနာ့ ရိပ်သာသို့ သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေးစကားပြောကြားကာ မိုးတွင်းကာလ ရုံးဖယ်ရီကားများ မိုးလုံလေလုံဖြစ်စေရေး၊ ဝမ်းလျှော ဝမ်းပျက်ရောဂါများ မဖြစ်အောင် ဂရုပြုရေး မှာကြားသည်။

 

ယင်းနောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံး မြေနေရာတွင် အရာထမ်း () ခန်းတွဲအိမ်ရာ (၁၀) လုံး ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ရက်အ တွင်းပြီးစီးရေး၊ အခန်းအလိုက်ထားရှိပေးမည့် ခုတင်များ ပြီးစီးအောင် ဆောင်ရွက် ပေးရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။

 

ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနားမြို့၊ မြောက်လွတ်ကုန်း သင်တန်းကျောင်းသို့ သွားရောက်၍ အရာထမ်း () ခန်းတွဲအိမ်ရာ () လုံး ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ပျဉ်းမနားရိပ်သာသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ အားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

 

ယင်းနောက် သက်ဆိုင်ရာက အပြာရောင်အဆင့်သတ်မှတ်ချက်ဖြင့် ပြန်လည်နေရာချထားပေးပြီးဖြစ်သည့် သဇင် () သဇင် () သဇင် () ဝန်ထမ်းအပျိုဆောင်များသို့ သွားရောက်၍ တွေ့ဆုံအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)