နေပြည်တော် ဩဂုတ် ၂၉

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ် ၂၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနရုံးခွဲများသို့ ရောက်ရှိကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များအား တိကျစွာလိုက်နာရန်၊ မိမိလုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာခံယူချက်ထား ဆောင်ရွက်ရန်၊ ပြည်သူများအတွင် ဝန်ဆောင်မှုကောင်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားသည်။

 

ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်တွင်းဒေသရှိ သံတော်မြတ်ကုမ္ပဏီလီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် ထုံးကျောက် အကြီးစားထုတ်လုပ်မှု လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးပြီး တူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်များ၊ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း၊ EIA (Environmental Impact Assessment)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် EMP (Environmental Management Plan) ပါ ကတိကဝတ်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ CSR (Cooperate Social Responsibiliy) လူမှုရေးဆိုင်ရာ တာဝန်ခံ ဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဘိလပ်မြေ တိုးတက်ထုတ်လုပ်ရန် ကုမ္ပဏီမှ ကြိုးစားဆောင်ရွက်ရေး၊ ဌာနမှ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ကွပ်ကဲရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်