နေပြည်တော် အောက်တိုဘာ ၂၂

 

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့် ၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်  တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသွားသည်။

 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor ဖြစ်သူ Mr. Zheng Zhihong နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အဆိုပါ ဖိုရမ်သို့ အာဆီယံနိုင်ငံများမှ မီဒီယာနှင့် သက်ဆိုင်သည့်  ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ  ပြန်ကြား​ရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် မီဒီယာဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်