နေပြည်တော် ဇွန်

 

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည်  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ်()သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိစစ်ဆေးသည်။

 

ထိုသို့စစ်ဆေးစဉ် စက်ရုံမှူး၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက စက်အရန် ပစ္စည်းများနှင့် ကုန်ကြမ်းများကို လိုအပ်ချိန်တွင် အဆင်သင့်အသုံးပြုနိုင်ရေး ကြိုတင်ဝယ်ယူထားရန်နှင့် ကုန်ထုတ်လုပ်မှု လျာထားချက်နှင့်အညီ ထုတ်လုပ်မည့် စီမံချက်များရေးဆွဲ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  သံမဏိထုတ်လုပ် သည့် နည်းစဉ်များနှင့် နည်းပညာများကို စက်ရုံရှိဝန်ထမ်းအားလုံး သိရှိစေရေးအတွက် လုပ်ငန်းခွင်မပြတ် လေ့ကျင့် သင်ကြားပေးကြရ မည်ဖြစ်ကြောင်း၊ စက်ရုံရှိ စက်ပစ္စည်းများ၊ ဝန်ထမ်းများ၊ စာရွက်စာ တမ်းများနှင့် သတင်းလုံခြုံ မှုရှိစေရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်သွား ကြရန်၊ မီးဘေးအန္တရာယ်ကာ ကွယ်ရေး စီမံချက်အတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ရန်နှင့် မီးငြိမ်းသတ်ရေးအထောက် အကူပြုပစ္စည်း များကို ပြည့်စုံအောင် ဖြည့်ဆည်းထားရှိရန် လိုအပ်ကြောင်းမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် သံရည်ကျိုလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသည့် ဝန်ထမ်းများအား အပူဒဏ်ကြောင့် ရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် ဆေးဝါးစက်ရုံ (အင်ရောင်း) မှထုတ်လုပ်သည့် ဓာတ်ဆားထုပ်များနှင့် ဓာတ်ဆားရည်ဘူးများ ပေးအပ်သည်။

 

ဆက်လက်၍ တန် (၁၂၀) ထုံးကျောက်ထုတ်လုပ်ရေးအလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြင်ဆင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Cold Box Structure ဆေးသုတ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)