နေပြည်တော် ဇွန် ၅
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇွန် ၁ ရက်နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်စက်မှုနယ်မြေရှိ ပုဂ္ဂလိကနှင့် အကျိုးပူးပေါင်းဆောင်ရွက်နေ သည့် စက်ဘီးစက်ရုံ (ကျောက်ဆည်)၊ အပ်ချုပ်စက်စက်ရုံ (ကျောက်ဆည်)၊ ဖိနပ်စက်ရုံ (ကျောက်ဆည်)၊ အမှတ်(၉)အထည်စက်ရုံ (ကျောက်ဆည်)နှင့် သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်) တို့သို့ ရောက်ရှိပြီး စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက် နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက စက်ရုံများကို ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် လုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုး စားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် စက်ရုံငှားရမ်းစာချုပ်ပါ စည်း မျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန် အစားထိုးကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက် နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများအား အရည်အသွေး ကောင်းမွန်စေရေးအတွက် ထုတ်လုပ်မှုနည်းစဉ်တစ်လျှောက်တွင် စစ်ဆေးသည့်နေရာများ သတ်မှတ်ဆောင်ရွက်ရန်နှင့် ထုပ်ပိုးမှုစနစ်များ ကောင်းမွန်အောင်လည်း စီမံဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ စက်ရုံများအလိုက် ရေးဆွဲထားရှိသည့် မီးဘေးလုံခြုံရေးစီမံချက် အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့တတ် မြောက်ထားသည့် ပညာရပ်များဖြင့် နိုင်ငံတော်နှင့် ပြည်သူကိုအလုပ်အကျွေးပြုနိုင်ရေး ကြိုး စားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးများ တိုးတက် မြင့်မားစေရေးအတွက် လေ့လာသင်ယူမှုလုပ်ငန်းများကို အစဉ်အမြဲ ဆောင်ရွက်နေရမည်ဖြစ် ကြောင်း လမ်းညွှန်မှာကြားပြီး စက်ရုံငှားရမ်းထားရှိသည့် လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်