ရန်ကုန် မတ် ၆

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးထိန်လင်း  သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး နွေရာသီအခြေခံအားကစား သင်တန်းတွင် ပါဝင်တက်ရောက်လျက်ရှိသည့်  သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြု ချီးမြှင့်ငွေများ ချီးမြှင့်သည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် မြောင်းမြမြို့ရှိ အားကစားကွင်း/ အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လေ့ကျင့်လျက်ရှိသော ကြက်တောင်အားကစားသမားများကို တွေ့ဆုံအားပေးပြီး အမိုးပါရေကူးကန်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်မဲမြို့သို့ သွားရောက်ပြီး အားကစားကွင်း/  အားကစားရုံများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်