နေပြည်တော် ဖေဖော်ဝါရီ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - မန္တလေးလမ်းပိုင်း) ရှိ ပန်းတင်မီနီတိုးလ်ဂိတ်၊ ပေပင်လေးမီနီတိုးလ်ဂိတ်နှင့် သီးကုန်းတိုးလ်ဂိတ်တို့မှ နေ့စဉ်လမ်းအသုံးပြုခကောက်ခံနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကောက်ခံရရှိမှု စာရင်းဇယားများရေးသွင်းရာတွင် ရုံးချုပ်မှ သတ်မှတ်ထားသည့်ပုံစံအတိုင်း လိုက်နာဆောင်ရွက်ရေး တာဝန်ရှိသူများက အလေးထားကြပ် မတ်ဆောင်ရွက်သွားရန်မှာကြားကာ သီးကုန်းတိုးလ်ဂိတ်ဝန်ထမ်းများ နေထိုင်သည့် ဝန်ထမ်းအိမ်ရာကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၂၀/ ၅ နှင့်၂၀/၆အကြား (သာစည် -နန့်ပန်တက်လမ်းပိုင်း) တွင်လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၊ မိုင်တိုင်အမှတ် ၂၇/ ၁ နှင့် ၂၇/ ၂ အကြား (သာစည်-ဘုရားငါးဆူလမ်းဆုံ) တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျွဲတပ်ဆုံရှိ BOT စနစ်ဖြင့် လမ်းလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီ ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ဒုတိယဝန်ကြီးက လမ်းပျက်စီးမှုများကို ပြုပြင်ဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကိုသုံးစွဲစေရေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၄၀/ ၀ နှင့် ၄၀/ ၂ အကြား လမ်းသားပဲ့ကျမှု ၊ မိုင်တိုင်အမှတ် ၄၀/ ၇ နှင့် ၄၁/ ၀ အကြား လမ်းအနိမ့်အမြင့်ညှိ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်း ၊ မိုင်တိုင်အမှတ် ၄၃/ ၄ နှင့် ၄၃/ ၅ အကြား လမ်းသားပဲ့ကျနေမှုကို ပြုပြင်ခြင်းလုပ်ငန်း ၊ မိုင်တိုင်အမှတ် ၄၅/ ၃ နှင့် ၄၅/ ၄ အကြား ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်း၊ မိုင်တိုင်အမှတ် ၄၇/ ၀ မှ ၄၇/ ၅ အထိ (မြစ်ဆုံကွေ့) တွင် သဘာဝဘေးအန္တရာယ်ကြောင့် လမ်းသားပဲ့ကျနေမှုကို မြေထိန်းနံရံတည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်တိုင်အမှတ် ၄၈/ ၁ နှင့် ၄၈/ ၃ အကြား ကွန်ကရစ်ထပ်ပိုးလွှာခင်းခြင်းနှင့် မြင့်နေသောလမ်းသားအားတူး၍ အနိမ့်အမြင့်ညှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ မိုင်တိုင်အမှတ် ၆၅/ ၇ နှင့် ၆၆/ ၀ အကြား သဘာဝဘေးအန္တရာယ်ကြောင့် လမ်းသားပဲ့ကျနေမှု၊မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းများ ၊ မိုင်တိုင်အမှတ် ၇၁/ ၂ နှင့် ၇၁/ ၃ အကြား ကလောမြို့အဝင် လမ်းသားပဲ့ကျနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ထပ်မံမပြိုကျစေရေးစီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်