နေပြည်တော်၊ အောက်တိုဘာ ၁၅
နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းများသို့ ရောက်ရှိပြီး ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ယန္တရားဂို ဒေါင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ သင်တန်းခန်းမ၊ စာသင်ဆောင်များအခြေအနေနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်း၌ နယ်စပ်ရေးရာဝန်ကြီး ဌာနမှ တာဝန်ယူတည်ဆောက်ပေးထားသော တစ်ဖက်ပိတ်ရေလှောင်တမံနှင့် လေယာဉ်ပြေးလမ်းမြေထိန်း နံရံတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျွန်းစုမြို့နယ် ကမ်းကြီးကျေးရွာအုပ်စု၊ မော်တုံးကြီး-တောင်သုံးလုံး ကျေးရွာချင်းဆက်မြေသားလမ်း ၁၁ မိုင်အနက် ကျန်ရှိသည့် ၃ မိုင်ကို အပြီးသတ် ဖောက်လုပ်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)