ညောင်ဦး ဖေဖော်ဝါရီ  ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန   ဒုတိယဝန်ကြီး (ယဉ်ကျေးမှု) ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ  ရှေးဟောင်းသာသနိက အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှု၊ တပ်ကလေးဘုရားအစုလုပ်ငန်းနှင့် မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုရားအစုလုပ်ငန်းဆောင်ရွက်မည့် အခြေအနေတို့ကို  ကြည့်ရှုစစ်ဆေးသည်။  

ထို့နောက် ဆင်ဖြူရှင် Complex သန့်ရှင်းသာယာလှပရေး‌ ဆောင်ရွက်ထားရှိမှု၊ ဆင်းတုတော်များ ထိန်းသိမ်းထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ ဆင်ဖြူရှင်ဘုရားရှိ အင်္ဂတေပန်းအနုလက်ရာများကို ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်ရန်မှာကြားပြီး ရှေးဟောင်းအဆောက်အအုံအမှတ် - ၇၅၂ အနီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်  ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ရေလမ်းကြောင်းအမှတ် (၁) ထိန်းသိမ်းရေးလုပ်ငန်းနှင့် ရှေးဟောင်းအဆောက်အအုံအမှတ် (၂၃၄၂) နှင့် (၇၅၂) ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ သိကြားဟစ်၊ သိကြားပုန်း၊ သိကြားသိဘုရားအစု ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ထားမှုကို ကြည့်ရှုစစ်‌ဆေးသည်။

ယင်းနောက်    သရပါတံခါးအနီးရေမြောင်းတူးဖော်ခြင်း၊ Box Culvert ပြုလုပ်ခြင်း၊ သရပါတံခါးအနီးကျုံးကူးတံတား (Box Culvert) ပြုလုပ်ခြင်း၊ ဧရာဇက်ဆိပ်သွားကားလမ်း Box Culvert ပြုလုပ်ခြင်း၊ ဖောင်တော်ဦးဘုရားနှင့် ရတနာမဉ္ဇူဘုရားတို့ရှိ ဆင်းတုတော်များ ရောင်တော်ဖွင့်ခြင်းနှင့် တန်ဆောင်းနှင့်ဇရပ်သွပ်မိုးများ ဆေးသုတ်ခြင်းဆောင်ရွက်မည့်လုပ်ငန်းများ၊  အနော်ရထာမင်းနှင့် ကျန်စစ်သားမင်းနန်းတော်ရာဝင်းအတွင်းရှိ  ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) မြန်မာနိုင်ငံ”ဖြင့် ပုဂံမြို့သို့ရောက်ရှိနေသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံရိုးရာ ပန်းပညာရှင်များအစည်းအရုံးမှ ပန်းချီပညာရှင်များ၊ ပုဂံမြို့ခံပန်းချီပညာရှင်များ၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားများ၏  ယဉ်ကျေးမှုလေ့လာရေးခရီးစဉ်ဖြစ်သည့် ရွှေပြည်နန်းသနပ်ခါးပြတိုက်သို့ အားပေးကြည့်ရှုပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ တည်ခင်းဧည့်ခံသော “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် (၂၀၂၄) မြန်မာနိုင်ငံ” ၏ နှုတ်ဆက်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်