နေပြည်တော် အောက်တိုဘာ ၂၅

ဒုတိယဝန်ကြီးချုပ်နှင့်  နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး    ဦးသန်းဆွေသည်   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ  အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော  ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအသစ်အဖြစ်     ခန့်အပ်ခံရသည့် မစ္စတာ  အီစ်ကန်ဒဲ  အာဇီဇော့ဖ် အား   ယနေ့မွန်းလွဲ  ၁  နာရီတွင် နေပြည်တော်ရှိ    နိုင်ငံခြားရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ၏  ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့်    ပြည်ထောင်စုဝန်ကြီးက သံအမတ်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်  လွှဲအပ်ခြင်းခံရသော     ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအဖြစ်  ခန့်အပ်ခြင်းခံရသည့်အတွက်   ဂုဏ်ယူဝမ်းမြောက်ကြောင်း  ပြောကြားခဲ့ပြီး  မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော    ဆက်ဆံရေးနှင့်      ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ကုန်သွယ်ရေး၊ စီးပွားရေး၊  ပညာရေး၊  ကျန်းမာရေး၊   ယဉ်ကျေးမှု၊   စွမ်းအင်၊ လျှပ်စစ်နှင့်  ခရီးသွားလုပ်ငန်း အပါအဝင်  နှစ်နိုင်ငံ    အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ   ပိုမိုတိုးမြှင့် ရေးနှင့်     ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ      ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်းစွာ  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်