ရန်ကုန် ဖေဖော်ဝါရီ ၂၀
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းဆင်းများနှင့် လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများအနေဖြင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့၏ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များရယူနိုင်ရန် ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရေးအလေးထား ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်းဆင်းများအတွက် သင့်တော်ကောင်းမွန်သော အလုပ်အကိုင် များရရှိစေရေး မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ လုပ်ငန်းရှင် အဖွဲ့အစည်းများနှင့် ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းမှ သင်တန်း သားများနှင့်တွေ့ဆုံ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးသည့် စာပေပညာနှင့် လက်တွေ့သင်ခန်းစာများကို နာယူစိတ်ဖြင့် လေ့လာသင်ယူကြရန်နှင့် လက်တွေ့ လုပ်ငန်းခွင်များတွင် ထိရောက်စွာ ပြန်လည်အသုံးချ လုပ်ကိုင်ကြရန်၊ ခေတ်နှင့်အညီပြောင်းလဲတိုးတက် နေသည့် နည်းပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်