မြစ်ကြီးနား ၆ နိုဝင်ဘာ
ကချင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မြစ်ကြီးနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီး ဌာနမှူး ဒေါ်ဉမ္မာမြင့်သည် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်ရှိ ဧရာဝတီမြစ်အတွင်း ငါးသယံဇာတများ ရေရှည်ထိန်းသိမ်း ကာကွယ်နိုင်ရေးနှင့် တရားမဝင်ငါးဖမ်းကိရိယာများဖြင့် ငါးဖမ်းဆီးမှုမရှိစေရေး ယနေ့ ကွင်းဆင်း စစ်ဆေးခဲ့သည်။
ယင်းသို့စစ်ဆေးခဲ့ရာတွင် (၁၃) တောင်လှေတစ်စီး၊ ၆ ဒသမ ၅ HP ဟွန်ဒါ ရှပ်တန်းပါ စက် တစ်လုံး၊ ထိုးတံ ကော်တံ လေးချောင်းနှင့် လှော်တက်နှစ်ချောင်းအား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ပြီး ဉပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ငါးလုပ်ငန်းဦးစီးဌာန


