အင်္ဂပူ ၃ ဩဂုတ်
အင်္ဂပူမြို့နယ်၊ ခွေးတောက်ချောင်း ကျေးရွာအုပ်စု၊ ခွေးတောက်ချောင်းကျေးရွာနှင့် လန်ဒါကျေးရွာတို့ တွင် ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဧရာဝတီရေ တိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်များအား ကမ်းနှင့်ဝေးရာ ကြိုတင်ရွှေ့ပြောင်း ခဲ့ကြောင်း သိရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ခွေးတောက်ချောင်းကျေးရွာတွင် လူနေအိမ် ၄၄ လုံးနှင့် လန်ဒါ ကျေးရွာတွင် လူနေအိမ် ၁၅ လုံးတို့အား မြစ်ကမ်းပါးနှင့်ဝေးရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ရာအိမ်မှူး၊ ဆယ်အိမ်မှူနှင့် ကျေးရွာ ပြည်သူများ ကြိုတင်ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)