ဗန်းမော် ၁၄ ဇူလိုင်
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စိုက်ပျိုးထားသော မိုးစပါးနှင့် သီးနှံများကို ရေနစ်မြှုပ်ခဲ့ကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းက ဗန်းမော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် မိုးစပါး စိုက်ပျိုးထားသည့် ရေနစ်မြှုပ်ခဲ့သော ကွင်းပေါင်း(၂၅)ကွင်းတွင် တောင်သူပေါင်း (၈၄၅)ဦး၏ ဧရိယာပေါင်း(၂၆၃၈)ဧက၊ အစေ့ထုတ်ပြောင်းသီးနှံ စိုက်ပျိုးထားသည့် ရေနစ်မြှုပ်ခဲ့သော ကွင်းပေါင်း(၃)ကွင်းတွင် တောင်သူပေါင်း (၇၅)ဦး၏ ဧရိယာပေါင်း ဧက(၂၁ဝ) နှင့် ကြံသီးနှံစိုက်ပျိုးထားသော ကွင်းပေါင်း(၁)ကွင်းတွင် တောင်သူပေါင်း(၃)ဦး၏ ဧရိယာပေါင်း ဧက (၂ဝ) ရေကြီးနစ်မြှုပ်နေကြောင်း ဗန်းမော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
ယနေ့နေ့လယ် (၁၂)နာရီအချိန် တိုင်းထွားချက်အရ ဗန်းမော်မြို့၏ ဧရာဝတီမြစ်ရေ သည်(၁၀၈၆)စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်(၁၁၅၀) စင်တီမီတာသို့ ရောက်ရှိ ရန်(၆၄) စင်တီမီတာ၊ (၂)ပေသာသာ လိုတော့ကြောင်းနှင့် ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ (၁၀၈၅)စင်တီမီတာဖြစ်၍ (၆)နာရီအတွင်း (၁) စင်တီမီတာသာ တိုးလာကြောင်း ဗန်းမော်မြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှသိရပါသည်။
ကိန်းဖြူ(ပြန်/ဆက်)


