ရွှေသောင်ယံ ၂၆ ဩဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ မကျီးဇင်ကျေးရွာအုပ်စု၊ ချောင်းဝဂျိုင်ကျေးရွာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဂိတ်အဝင်အထွက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ဧရာဝတီတိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ပုသိမ်ခရိုင် ဒုတိယရဲမှူးကြီး မင်းသိန်းနှင့်အဖွဲ့ဝင်များက သွားရောက်စစ်ဆေးပြီး ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ Mask များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် ကိုဗစ်-၁၉ စစ်ဆေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် ဂွမြို့နယ်မှအပ ကျန်မြို့နယ်များ အားလုံးမှ လူများ ချောင်းဝဂျိုင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်းသွားလာသည့်အခါ ကျန်းမာရေး ထောက်ခံစာ၊ မြို့အုပ်ချုပ်ရေးမှူးထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံစာ စသည်ဖြင့် ထောက်ခံစာသုံးမျိုး ကိုင်ဆောင်ပြီးသွားလာကြရန် သတ်မှတ်ထားကြောင်း မကျီးဇင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)


