ကြံခင်း ဇွန် ၄

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စုရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)သို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်က စတင်ဖွင့်လှစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့် ကျောင်းတက်နိုင်ရေးနှင့် စဉ်ဆက်မပြတ် အတန်းကူးပြောင်းနိုင်ရေးအတွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း (ချင်းမြောင်)၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားခြင်းကို ကြည့်ရှုအားပေးပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရောက် ပညာသင်ကြားရာတွင် ခက်ခဲမှုမရှိစေရေး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဝန်ကြီးချုပ်က ကျောင်းသား/ကျောင်းသူများအား စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပြီး စာသင်ခန်းများ၊ ကွန်ပျုတာခန်း၊ လက်တွေ့သင်ကြားပြသခန်းများနှင့် ကျောင်းဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)