ပုသိမ်  ၁၅  စက်တင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ၄၃ ခု ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်တွင် ၈ ခု၊ မြောင်းမြခရိုင်တွင် ၃ ခု၊ မအူပင်ခရိုင်တွင် ၁၅ ခု၊ ဟင်္သာတခရိုင်တွင် ၁၆ ခု၊ ဖျာပုံ ခရိုင်တွင် ၁ ခုတို့ ဖြစ်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြစ်ကမ်းပါးများကို ရေတိုက်စားမှု သက်သာအောင် Floating Unit ဖြင့် ရေရှိန်သတ်နိုင်ရန်၊ လှိုင်းဒဏ်ခံနိုင်ရန် လှိုင်းကာများ တည်ဆောက်ကြခြင်း ဖြစ်သည်။

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း Floating Uint လုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၄ ဒသမ ၈၇၅၂၅၀ သန်း ဖြင့် လုပ်ငန်း ၉ ခု၊ တိုင်းဒေသကြီအစိုးရအဖွဲ့ ပိုလျှံရန်ပုံငွေ (ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ) ကျပ် ၄၂ ဒသမ ၄၄၁ သန်း ဖြင့် လုပ်ငန်း ၅ ခု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အရေးပေါ်ရန်ပုံငွေ ကျပ် ၁၇၄ ဒသမ ၃၉၁ သန်းဖြင့် လုပ်ငန်း ၂၉ ခု ဆောင်ရွက်ပြီးစီးခဲ့သည်။

 

လက်ရှိအချိန်တွင်လည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကာ ကမ်းပြိုမှု ထိန်းသိမ်း ကာကွယ်နိုင်ရန် လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

#MRTV