ရန်ကုန် မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၄၂ ဒသမ ၆သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်နှင့် ပန်းတနော်မြို့နယ်များတွင် ဆိုလာစနစ်အသုံးပြု၍ စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန်နှင့် တောင်သူများနွေစပါးအချိန်မီစိုက်ပျိုးနိုင်ရန် ဆောင်ရွက်ပေးခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း ဒဂုံမြို့သစ်မြောက်ပိုင်းခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
ထိုကဲ့သို့ဆောင်ရွက်ပေးခဲ့မှုကြောင့် နွေစပါးဧကများကို ယခင်နှစ်များထက်ပိုမို စိုက်ပျိုး နိုင်ခြင်း၊ စက်သုံးဆီဖြင့်ရေတင်စိုက်ပျိုးခြင်း မပြုလုပ်သောကြောင့် တစ်ဧကစိုက်ပျိုး ထုတ်လုပ် ကုန်ကျမှုစရိတ်သက်သာခြင်းနှင့် စိုက်ပျိုးရေအားလိုအပ်သလို အထုတ်/အသွင်း ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သောကြောင့် စပါးအထွက်နှုန်းတိုးသည့်အပြင် စပါးရိတ်သိမ်းပြီးချိန် တောင်သူ အများစုမှ ပဲတီစိမ်းနှင့်မတ်ပဲတို့ကိုပါ ထပ်မံစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။
သတင်းစဉ်