လေးမျက်နှာ   ၁   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ရွှေရုပ်လွှာငွေစုငွေချေးသမဝါယမအသင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွက် အသင်းသား(၂၃၀)အား ထုတ်ပေးရန်ရှိသည့် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၃၀၃၆၃၀၀) ကို အသင်းအမှုဆောင်အဖွဲ့မှ အသင်းသားများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန အေးချမ်းသာယာငွေစုငွေချေး သမဝါယမအသင်းက ကိုဗစ်-၁၉ ကာလအတွင်း အသင်းသား(၆၉)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေကျပ် (၆၉၀၀၀၀)နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် စုဆောင်းငွေအပေါ် အတိုးငွေကျပ် (၂၀၁၅၃၄၃)တို့ကို အသင်းအမှုဆောင်အဖွဲ့၏ကိုယ်စား တိုင်းဒေသကြီး ဦးစီးမှူးနှင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးတို့မှ အသင်းသားများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်