ပုသိမ်  ၃   စက်တင်ဘာ 

 

ဧရာဝတီတိုင်းဒေသကြီး၌ ဩဂုတ်လအတွင်း ကမ်းပြိုမှု (၆၆)ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကမ်းပြိုမှုများတွင် သာပေါင်းမြို့နယ်၌ (၂)ကြိမ်၊ လေးမျက်နှာမြို့နယ်၌ (၃)ကြိမ်၊ မြန်အောင်မြို့နယ်၌ (၉) ကြိမ်၊ ဟင်္သာတမြို့နယ်၌ (၄)ကြိမ်၊ ဇလွန်မြို့နယ်၌ (၅)ကြိမ်၊ အင်္ဂပူမြို့နယ်၌ (၃)ကြိမ်၊ ကြံခင်းမြို့နယ်၌ (၂)ကြိမ်၊ ဝါးခယ်မမြို့နယ်၌ (၉)ကြိမ်၊ မအူပင်မြို့နယ်၌ (၁၆)ကြိမ်၊ ဓနုဖြူမြို့နယ်၌ (၂)ကြိမ်၊ ပန်းတနော် မြို့နယ်၌ (၉)ကြိမ်နှင့် ညောင်တုန်းမြို့နယ်၌ (၃)ကြိမ် စုစုပေါင်း (၆၆)ကြိမ် ဖြစ်သည်။ 

 

ဟင်္သာတခရိုင်နှင့် မအူပင်ခရိုင်တို့တွင် ကမ်းပြိုမှုအများဆုံး ဖြစ်ပွားကြောင်း တွေ့ရသည်။ အဆိုပါ ကမ်းပြိုမှုများကြောင့် လုံးဝပျက်စီးသွားသည့် နေအိမ် ၂ လုံး၊ ပြောင်းရွှေ့ရသည့် နေအိမ် ၇၀၆ လုံး ၊ အိမ်ထောင်စု ၇၀၈ ခု နှင့် လူဦးရေ ၃၀၅၀ ရှိပြီး လုံးဝပျက်စီးသွားသည့် ဘာသာရေးကျောင်း ၂ ကျောင်း နှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် ဘာသာရေးကျောင်း ၁ ကျောင်းတို့ ရှိကြောင်း သိရသည်။ 

 

ဘေးသင့်အိမ်ထောင်စုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ငွေကျပ် ၆,၄၀၅,၀၀၀၊ အိမ်/ကျောင်းဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၇၁,၁၀၀,၀၀၀၊ အခြားထောက်ပံ့မှု ငွေကျပ် ၁၄၆,၂၀၀  စုစုပေါင်းထောက်ပံ့မှု ရန်ပုံငွေကျပ် ၇၇,၆၅၁,၂၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းတန်ဖိုး စုစုပေါင်း ၆၉,၅၀၆ ကျပ် ထောက်ပံ့ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ ငွေကျပ် ၁၄၆,၈၅၀,၀၀၀ ရှိကြောင်း တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။


#MRTV