ပုသိမ် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့တွင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်၌ အပိုင်း(၁)အနေဖြင့်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ပေါ်ရှိ မဲရုံများတွင် ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက် ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ပေါ်ရှိ အမှတ် (၁၅)ရပ်ကွက် မဲရုံအမှတ်(၁)သို့ လည်းကောင်း၊ အမှတ်(၃)ရပ်ကွက် မဲရုံအမှတ်(၇)သို့လည်းကောင်း၊ အမှတ်(၄)ရပ်ကွက် မဲရုံအမှတ်(၃)သို့လည်းကောင်း၊ အမှတ်(၆)ရပ်ကွက် မဲရုံအမှတ်(၂)သို့လည်းကောင်း၊ အမှတ်(၁)ရပ်ကွက် မဲရုံအမှတ်(၃)သို့လည်း ကောင်းသွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် မဲရုံအမှတ် (၂)သို့လည်းကောင်း၊ တောချောင်း ကျေးရွာမဲရုံအမှတ်(၃)သို့လည်း ကောင်း၊ ညောင်ပင်ကွင်းကျေးရွာ မဲရုံအမှတ်(၂)သို့ လည်းကောင်းသွားရောက်၍ ပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


