မြောင်းမြ ဇွန် ၇

 

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအား ကြည်ရှုစစ်ဆေးပြီး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် မြောင်းမြမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းတွင် ဆောက်လုပ်ပြီးစီးခဲ့သည့် ကျောင်းသား/ကျောင်းသူ အိပ်ဆောင် (၂)ထပ်ဆောင်၊ လက်တွေ့ဆောင်၊ ကျောင်းသူ ထမင်းစားဆောင်၊ အစာဂိုထောင်၊ ဝက်ခြံ၊ နွားခြံ၊ ငါးသားဖောက်ရုံ၊ ဥစားကြက်ခြံ၊ အသားစားကြက်ခြံနှင့် မီးလိုင်းဆွဲခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က လုပ်ငန်းပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်ကြီးက ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူ ၂၆၆ ဦးတို့နှင့် တွေ့ဆုံ၍ အားပေးအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇေယျာ (ပြန်/ဆက်)