အင်တော ၂၂ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း Facility Quarantine Center တို့တွင် Facility Quarantine (၁၄) ရက်ပြည့် နေထိုင်ပြီးစီးသူ ၉ ဦးကို ယနေ့ မွန်းတည့် ၁၂ နာရီက မိမိနေအိမ်ပြန်ခွင့်ပြုခဲ့ကြောင်း အင်တောတိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။
အင်တောမြို့သို့ ပြည်တွင်းပြည်ပမှ ပြန်ရောက်လာကြသည့် မြို့ခံနေပြည်သူများမှတစ်ဆင့် ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်စေရေး၊ ရောဂါထိန်းချုပ်နိုင်ရန်အတွက် မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီမှ ကြီးကြပ်မှုဖြင့် Facility Quarantine Center သို့ စောင်ကြပ်ကြည့်ရှုမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အင်တောမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးနှင့် အဖွဲ့ဝင်များက Facility Quarantine နေထိုင်ပြီးစီးသူ (၉)ဦးအား ကျန်းမာရေးဌာန၏ ထောက်ခံချက်ပေးအပ်ပြီး မိမိနေအိမ်သို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အောင်ခိုင် (အင်တော)


