ဂျာမနီနိုင်ငံသူတစ်ဦး ဘားအံမြို့နယ်ရှိ တောင်ဝိုင်းဘုရားပေါ်မှ ခြေချော်ပြုတ်ကျ

ဘားအံ ၃၀  ဇန်နဝါရီ

 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ကသောင်ကျေးရွာ၊ အမြင့်ပေ(၇၀၀)ခန့်ရှိ တောင်ဝိုင်းတောင်တွင် ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဂျာမနီနိုင်ငံသား အမျိုးသားတစ်ဉီး၊ အမျိုးသမီးတစ်ဉီး တောင်ဝိုင်းဘုရားသို့ တက်ရောက်ဖူးမျှော်ရာ တောင်ပေါ်တက်စဉ် အမျိုးသမီးမှာ တောင်လှေကားထစ်မှ ခြေချော်၍ တောင်အောက်(၁၀)ပေခန့်ထိပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။

 

ယင်းဖြစ်စဉ်ကြောင့် ညာခြေထောက်၊ ခြေသလုံးရိုး(ကျိုး) ထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသဖြင့် ဘားအံမြို့နယ် မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၈)ဦးတို့ဖြင့် သွားရောက်ကူညီ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။

 

ဒဏ်ရာရရှိသူ အမျိုးသမီးအား လူနာထမ်းစင်ဖြင့် တောင်အောက်သို့သယ်ဆောင်လာပြီး သူနာတင်ယာဉ်ဖြင့် ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

 MDN

Photo - Myanmar Fire Services Department