၂၆-၇-၂၀၂၀ ရက်၊ နေပြည်တော်

 

ဂျော်ဒန်နိုင်ငံရှိ Rich Pine ၊ Century Miracle နှင့် Camel and Vegaစသည့် ကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား(၁၇၁)ဉီးအား မြန်မာသံရုံး၊တဲလ်အဗီးမြို့၏ ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ၂၆-၇-၂၀၂၀ ရက်နေ့၊ နံနက်(ဝ၄:၄၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ဖေါ်ပြပါ မြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁)ရက်တာ အသွားအလာ ကန့်သတ် နေထိုင်ရေးတို့ကို အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့သည်။

 

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိသက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဂျော်ဒန်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမားများအား တတိယအကြိမ် အဖြစ် ၃၀-၇-၂၀၂၀ ရက်နေ့တွင် ထပ်မံခေါ်ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Credit #Ministry_of_Foreign_Affairs

 

mdn