ကော့ကရိတ်  ၃၀   စက်တင်ဘာ

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် ဂျိုင်း(​ကော့ကရိတ်တံတား)သစ် တည်​ဆောက်မည့် ဧရိယာအတွင်း ထိခိုက်နစ်နာသူအား ​မြေယာ​လျော်​ကြေး​​ငွေ ပေးအပ်​ခြင်းကို ယမန်​နေ့​က ကော့ကရိတ်မြို့​ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ အစည်းအ​ဝေးခန်းမတွင်​ ပေးအပ်​ကြောင်း သိရသည်။

 

ထိုသို့​ပေးအပ်ရာတွင် ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်က ​မြေယာ​လျော်​ကြေး​​ငွေ​ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း​ဆွေး​နွေး ပြောကြားပြီး (ဂျိုင်းတံတားတည်ဆောက်ရေးနှင့် ကော့ကရိတ်လမ်းပိုင်း) တည်ဆောက်ရေးတို့တွင် ပါဝင်သော မြေယာပိုင်ရှင် ဦးရင်​အောင်၏ လယ်ဧက (၁ ဒသမ ၇၅)ဧကအတွက် နစ်နာကြေးငွေကျပ် (၉၇၉၉၈၅၀) ကို မြို့နယ်​လျော်​ကြေး​ငွေ စိစစ်​ရေးအဖွဲ့နှင့်အတူ ပေးအပ်ခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)