ဂွ ၂၂ စက်တင်ဘာ

 

ရခိုင်ပြည်နယ် ဂွမြို့ မြန်မာ့စီးပွါးရေးဘဏ်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပင်စင်စား မိဘပြည်သူများကို Stay at Home ကာလအတွင်းသတ်မှတ်စည်းကမ်းများနှင့်အညီ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

ဂွမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်အနေဖြင့် ယခုကာလအတွင်း ပင်စင်လာရောက်ထုတ်ယူသည့် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုလတွင် ဘဏ်မှ လေးရက်အပြည့် ငွေထုတ်ပေးမည် ဖြစ်ကြောင်း၊ ၂၁ရက်နေ့တွင် ဆပ်သွားအုပ်စု၊ ၂၂ရက်နေ့တွင် ကျိန္တလီနဲ့ ကုလားပြင်အုပ်စု၊ ၂၃ရက်နေ့တွင် ပင်စင်စာအုပ် နှင့်ထုတ်သူများ၊ ၂၄ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်အားလုံးရှိ ပင်စင်စားမိဘပြည်သူများကို နံနက် ၇ နာရီမှ ညနေ၃နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပင်စင်လာရောက်ထုတ်ယူသူများကို တစ်ဦးနှင့်တစ်ဦး ၆ ပေခြားစီနေရာချထားပေးပြီး Mask တပ်ဆင်စေလျက် လက်ဆေးကန်နဲ့ Hand Gel ကိုလည်း အဆင်သင့်ဆောင်ရွက်ပေးထားကြောင်းနှင့် ပင်စင်ထုတ်ယူတွင်ထုတ်ယူမည့် နေရာ၌ တစ်ကြိမ်လျှင် ငါးဦးသာ အလှည့်ကျထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်မန်နေဂျာ ဦးမြင့်ဝေ၏ ပြောကြားချက်အရ သိရသည်။

 

ဂွမြို့နယ်ပြန်/ဆက်

 

mdn