ဂွ ဇွန် ၉

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများအား အဆင်ပြေစေရန် ဆန်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ဆန်များရောင်းချပေးရာတွင် ဆန်တစ်အိတ်လျှင် ကျပ် ၈၅ဝဝဝ ဖြင့် ဆန်အိတ်ပေါင်း ၃၇၅ အိတ်ကို မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား ပြင်ပပေါက်ဈေးထက် ရောင်းချပေးလျက်ရှိရာ ဌာနဆိုင်ရာဝန်ထမ်းများ ဝယ်ယူအားပေးကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်