ဂွ  ၂၃ မေ   

 

ရခိုင်ပြည်နယ် ဂွမြို့နယ် တောင်ပေါက်အုပ်စုအနီး ကျော်စီဘူးတောင်အနီး ချောင်းအတွင်း၌ စက်လှေ နှစ်စီးပေါ် တရားမဝင် ဆောင်လာသည့် တောင်သရက်ခွဲသားများ ဖမ်းဆီးရမိခဲ့ကြောင်း ဂွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

 

ဖြစ်စဉ်မှာ ဂွမြို့နယ် တောင်ပေါက်အုပ်စုအတွင်း တရားမဝင် သစ်ခိုးထုတ်မှုသတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များသည် မေ ၂၁ ရက်က လိုက်လံစစ်ဆေးစဉ် ကျောက်ချွန်ဘိနယ် ကျောက်စီဘူးတောင်အနီး ချောင်းအတွင်း၌ သစ်ကောက်ကွင်းကြီး ကျေးရွာနေသူများ ဖြစ်ကြသည့် ဦးခင်မြင့် (၅၁)နှစ် မောင်းနှင်သည့်  စက်လှေပေါ်တွင် တရားမဝင် တင်ဆောင်လာသော တောင်သရက်ခွဲသား ၅ ဒသမ ၉၈၂၂ တန်၊ မောင်ဆန်း (၃၇)နှစ် မောင်းနှင်သည့် စက်လှေပေါ်တွင် တရားမဝင် တောင်သရက်ခွဲသား ၆ ဒသမ ၁၇၈၂ တန်နှင့် ၎င်းတို့ စက်လှေအနီးတွင် တောင်သရက်တုံး ၄၄ တုံး (၈ တန်) ပါရှိသည့် ပိုင်ရှင်မဲ့ သစ်ဖောင်တစ်ခုတို့ကို တွေ့ရှိ၍ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဖမ်းဆီးရမိသော သစ်များကို သစ်တောဦးစီးဌာနမှ ဂွဖောင်တော်ဆိပ်ကမ်းမှ သယ်ယူနိုင်ရေး စီစဉ်လျက်ရှိပြီး အမှုဖွင့် အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

MDN

 

IMG-42be