ဂန့်ဂေါ   ဇန်နဝါရီ   ၁၄

 

ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံတွင် ခွင့်ပြုရန်ပုံငွေများဖြင့် ဆရာ ဆရာမ အိပ်ဆောင် တစ်လုံး၊ ကျောင်းသား အိပ်ဆောင် တစ်လုံး၊ ကျောင်းသူ အိပ်ဆောင် တစ်လုံးတို့ကို ဆောက်လုပ်လျက်ရှိသည်။

 

အဆိုပါ အဆောက်အအုံများမှာ ဂန့်ဂေါမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၄၆၉ ဒသမ ၃၃၂ ဖြင့် ၇၈ ပေ x ၉၄ ပေ ရှိ သံကူကွန်ကရစ် အဆောက်အအုံ ၄ ခန်းတွဲ ၄ ထပ် ဆရာ ဆရာမအိပ်ဆောင် တစ်လုံး၊ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် သန်း ၉၅၂ ဒသမ ၄၆၆  ဖြင့်  ၂၁၁ ပေ x ၇၀ ပေ ရှိ သံကူကွန်ကရစ် ၄ ခန်းတွဲ ၄ ထပ် ၁၆၀ ဦးဆံ့ ကျောင်းသားအိပ်ဆောင် တစ်လုံး၊ ခွင့်ပြုရန်ပုံငွေကျပ် သန်းပေါင်း ၉၅၂ ဒသမ ၄၆၆ ဖြင့် အတိုင်းအတာ ၂၁၁ ပေ x ၇၀ ပေ ရှိ သံကူကွန်ကရစ် ၄ ခန်းတွဲ ၄ ထပ် ၁၆၀ ဦးဆံ့ ကျောင်းသူအိပ်ဆောင် တစ်လုံးတို့ဖြစ်သည်။

 

တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၁၃ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ဂန့်ဂေါ) ဒုတိယကျောင်းအုပ်ကြီး ဦးညိုချောက ရှင်းလင်းတင်ပြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်းမှာကြားသည်။ ထို့နောက် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအား အားပေးစကား ပြောကြားကာ ထောက်ပံ့ငွေကျပ် တစ်သိန်းကို ထောက်ပံ့ပေးအပ်သည်။

 

စိန်ကျော်