ဂန့်ဂေါ ၈ ဇွန်
ဂန့်ဂေါမြို့နယ်၊ ကန်ရွာ မူလတန်း (လွန်) ကျောင်းတွင် စာသင်ကျောင်းဆောင်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်လှူဒါန်းပွဲ ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဆောင်၌ ပြုလုပ်ခဲ့သည်။
ဖွင့်ပွဲတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးကျော်စိုးလင်းတို့က အမှာစကားပြောကြားကြပြီး အလှူရှင်များဖြစ်ကြသော ကန်ရွာနေ ဦးသက်စိုးထိုက်နှင့် ဒေါ်ဆွေဆွေဝင်း မိသားစုတို့က ကျောင်းဆောင်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်လင်းထံ လွှဲပြောင်းပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကျောင်းဆောင်မှာ အလျား ၃၀ ပေ၊ ၅ လက်မ၊ အနံ ၂၅ ပေ ၃ လက်မနှင့် အမြင့် ၁၂ ပေရှိ၍ အုတ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကြမ်းခင်းဖြင့် ဆောက်လုပ်ထားကာ ငွေကျပ် ၆,၅၅၆,၃၀ဝ ခန့် ကုန်ကျကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်