ဂန့်ဂေါ   ၈    စက်တင်ဘာ

 

မိုးရာသီအတွင်းဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေးအတွက်  ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ ကျေးလက်ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများက  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ လုပ်ငန်းများကို ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ယမန်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့နယ် လာပို့ ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်စိုးမြတ်မွန် ဦးဆောင်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းတို့  ပါဝင်သည့် ပူးပေါင်းအဖွဲ့များက လာပို့ကျေးရွာအတွင်း မိုးရာသီကာလ တွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရန်အတွက် ကျေးရွာနေပြည်သူတို့ ၏ နေအိမ်ရှိ ရေအိုး၊ ပန်းအိုး၊ ကားတာယာအဟောင်းများ၊ ရေချိုးကန်များကို အဘိတ်ဆေးခတ်ခြင်း၊ ခြင်ဆေးဖျန်းခြင်း၊ COVID-19 ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၁၀ဝ၀)ဝန်းကျင်ခန့်ရှိပြီး နေအိမ်များအားလုံးတွင် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများလည်း ဆော်ရွက်ကြကြောင်း သိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)