ဂန့်ဂေါ ၃ စက်တင်ဘာ 

 

နေအိမ်ပြင်ပသို့ ထွက်ခွါသွားလာကြသူများအား နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး ဂန့်ဂေါမြို့နယ်အဆင့်ကော်မတီက ပြည်သူများထံ ပန်ကြား ထားရာ အဆိုပါပန်ကြားချက်အား လိုက်နာမှုရှိမရှိ ယမန်နေ့ညနေပိုင်းက ဂန့်ဂေါမြို့ မြောက်ကုန်း ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် မြစ်သာမြစ်ရှောင်လမ်းထိပ် နေရာတွင်လည်းကောင်း၊ ဂန့်ဂေါမြို့နယ် ကျောမြို့ မြို့မလမ်း တွင်လည်းကောင်း တာဝန်ရှိသူများက စစ်ဆေးကြသည်။ 

 

ထိုသို့ စစ်ဆေးကြရာတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်ကုသရေး မြို့နယ်အဆင့် ကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ခရီးသွားများ၊ မော်တော်ယာဉ်များတို့တွင် စစ်ဆေးကြကာ နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများအား စနစ်တကျလက်ဆေးစေခြင်းအပြင် ယခုဝယ် ယခုတပ် စနစ်ဖြင့် ဆောင်ရွက်စေခြင်းတို့အပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်ကြကြောင်း သိရသည်။ 

 

၁၄၄