ဂန့်ဂေါ ၃ နိုဝင်ဘာ
ဂန့်ဂေါမြို့နယ်အတွင်းတွင် ဆီထွက်သီးနှံအဖြစ် မိုးရာသီတွင် နှမ်းနှင့် မြေပဲတို့ကိုလည်းကောင်း၊ ဆောင်းရာသီတွင် နေကြာ၊ မြေပဲနှင့် ပန်းနှမ်းတို့ကိုလည်းကောင်း စိုက်ပျိုးလေ့ရှိပြီး ဆောင်းနှမ်းကို စိုက်ပျိုးလေ့မရှိဘဲ မိုးနှမ်းကိုသာ စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် ဆောင်းနှမ်းကို စတင်စမ်းသပ် စိုက်ပျိုး ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၊ မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသူရဇော်နှင့် ဝန်ထမ်းများသည် အောက်တိုဘာ ၂ ရက်က မွှေ့လယ်ကျေးရွာရှိ တောင်သူ ဦးရာတိုး စိုက်ပျိုးထားသည့် ဆောင်းနှမ်းစိုက်ခင်း (၁၀)ဧကသို့ ကွင်းဆင်းကြည့်ရှုပြီး စားသုံးသူဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကေားင်းများ လိုက်နာကျင့်သုံးရေး၊ Free Fatty Acid ပါဝင်မှု လျော့နည်းစေရေးအတွက် ဆောင်းနှမ်းများ ရိတ်သိမ်းချိန်တွင် နှမ်းပုံခြင်းမပြုဘဲ တိုက်ရိုက်နှမ်းထောင်သည့်စနစ်ကျင့်သုံးရေး ပညာပေးဆွေးနွေး ခဲ့သည်။
ဂန့်ဂေါမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီတွင် မိုးနှမ်းကို (၅၅၄၉၈)ဧက စိုက်ပျိုးခဲ့ပြီး ယခု ဆောင်းရာသီတွင် ဆောင်းနှမ်းအဖြစ် ဆင်းရတနာ(၃)နှင့် စမုံနက်နှမ်းမျိုး (၁၆)ဧကခန့်ကို စမ်းသပ် စိုက်ပျိုးထားခြင်းဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကျော်သန်းဆွေ